~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 24 June 2012

ပဲ့တင်သံ . ! . ! .!

            ပြီးခဲ့တဲ့(၁)နှစ်ကတော့ပြင်ဦးလွင်ကို တက်ပြီးစာသင်ဖြစ်တယ်။ ဒီနှစ်မှာတော့ မသင်ဖြစ်တော့ဘူး။ မသင်ဖြစ်တဲ့ အကြောင်းတွေလည်း ကျွန်တော့်မှာရှိတယ်။ အဲဒါကတော့ ကျွန်တော့်ဆရာရဲ့ အတွေးအခေါ်ပါတဲ့ စကားကြောင့်ပါပဲ။ ကျွန်တော့်အဖေရဲ့ သူငယ်ချင်းတစ်ယောက် ပြင်ဦးလွင်မှာရှိတယ်။ သူက အင်္ဂလိပ်စကားပြော အလွန်ကျွမ်းကျင်တယ်။ အင်္ဂလိပ်စာကိုလည်း အလွန်ဖတ်တယ်။ စကားနည်းတယ်။ လူပျိုကြီးပါ။ ဒါပေမယ့် ကျောင်းဆရာမဟုတ်ဘူး။ ကျူရှင်ဆရာလည်း မဟုတ်ဘူး။ အသက်ကတော့ (၇၀)ကျော်ပါပြီ။ စာအလွန်ဖတ်တယ်။ သူနဲ့တွေ့ရင် ကျွန်တော်ကပဲ စကားစရတယ်။ မေးရတယ်။ ကျွန်တော်က သူ့ကို “ဆရာ” လို့ပဲ ရိုရိုသေသေခေါ်ပါတယ်။ ကျွန်တော့်ကိုလည်း စာသင်ပေးဖူးတယ်။
                တစ်ရက်မှာပေါ့။ ကျွန်တော်ရဲ့ အမူအရာကိုကြည့်ပြီး ကျွန်တော်မမေးဘဲ ဆရာက ပြောတယ်။ “ဒီမယ် မောင်ဘုန်း။ မင်းကြည့်ရတာ မောလိုက်တာ။ ဘာအတွက် အလုပ်လုပ်နေတာလဲဆိုတာ မင်းတွေးမိပုံ မပေါ်ဘူး။ မင်းတို့ဟာ စာသင်ဆရာနဲ့ မတူဘူး။ အိမ်တကာကိုလည်ပြီး အ၀တ်လျှော်နေတဲ့ ခ၀ါသည်နဲ့တူတယ်” “ဗျာ …… ဆရာ ။ ကျွန်တော် နားမလည်ဘူး” “ဟုတ်တယ်လေကွာ။ ဟိုအိမ်ကို သွားပြီးစာသင်လိုက်။ ဒီအိမ်ကိုသွားပြီး စာသင်လိုက်။ ဟိုကျောင်းသွားလိုက်။ ဒီကျောင်းသွားလိုက်နဲ့။ သေသေချာချာ မြင်ကြည့်ရင် အ၀တ်လျှော်တဲ့ ခ၀ါသည်ပါပဲကွာ။ အ၀တ်မဖြူရင် အဆူအဆဲခံရသလို အောင်ချက်တွေနည်းရင်လည်း အပြောခံရတာပဲ မဟုတ်လားကွ” ဆရာပြောမှ ကိုယ့်ရဲ့ဘ၀င်မြင့်နေမှုကို သတိပြုမိတယ်။ ဆရာက မေးတယ်။ “အောင်မြင်မှုကို ဘယ်လို တိုင်းမလဲကွ” ဒီမေးခွန်းကြားတော့ ဖြေဖို့ နည်းနည်းခက် သွားတယ်။ သိ့သလိုလိုတော့ ရှိတယ်။ ဒါပေမယ့် ပေါ်လွင်အောင် ဖြေဖို့ခက်တယ်။ ကျွန်တော်စိတ်ထဲ ရှိတာကို ဖြေလိုက်တယ်။ “ပိုက်ဆံတွေ၊ ငွေတွေ အများကြီးဝင်တာ အောင်မြင်တာပေါ့ ဆရာရဲ့။ တိုက်တွေ၊ ကားတွေရှိတာ အောင်မြင်တာပေါ့၊ အခြွေအရံတွေရှိတာ အောင်မြင်တာပေါ့။ သုံးချင်ရာသုံး။ လုပ်ချင်ရာ လုပ်ခွင့်ရတာ အောင်မြင်တာပေါ့” ဆရာက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်တယ်။

                  “ဒါတင်ပဲလားကွ” “ချမ်းသာတာ အောင်မြင်တာ မဟုတ်ဘူးလား ဆရာ” “အေး ငါပြောမယ်။ အောင်မြင်တယ်ဆိုတာကို တိုင်းတာတဲ့ နည်းရှိတယ်။ ၀င်ငွေအနည်းအများနဲ့ မတိုင်းရဘူး။ ၀င်ငွေ အနည်းအများအပေါ်ကြည့်ပြီး လူ့တန်ဖိုးကို သတ်မှတ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ လူ့ဘ၀အမြင် တစ်ခုပဲ။ ဒီမယ် မှတ်ထားကွ။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တကယ် ယုံကြည်ရဲ့လား ။ ကိုယ်လုပ်တဲ့အလုပ်ကြောင့် ကိုယ့်ရဲ့ကျန်းမာရေးတွေ ထိခိုက်နေသလား ။ ဒီအလုပ်ကြောင့် မိသားစုမေတ္တာတရားအပေါ်မှာ ဘယ်လောက်ထိ ထိခိုက်နေသလဲ။ ဘယ်လောက်အထိ အချိန်ပေးနိုင်သလဲ။ ဒါတွေနဲ့ တိုင်းရတယ်ကွ” ဆရာ့စကားကြောင့် ကျွန်တော့်ဘ၀ကို ကျွန်တော် အရှိန်သတ်လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော် ယုံကြည်ရာကို လုပ်ဖို့ ၊ ကျွန်တော်ဝါဿနာပါရာကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆရာ့ဆီကို ကျွန်တော် ရောက်ခဲ့တယ်။ ဆရာက နေ့လည်စာ ထမင်းစားဖို့ ပြင်ဆင်နေတယ်။ ကျွန်တော်ကလည်း အပျင်းပြေအောင် စကားစလိုက်တယ်။ “ဆရာ အခုလို အင်္ဂလိပ်စာနဲ့ မြန်မာစာကို ဘာသာပြန်လုပ်ပေးရတဲ့အတွက် ဘယ်လောက်ရသလဲ ဆရာ” “ပေးသလောက် ယူလိုက်တာပါပဲ” “ဆရာရယ် တောင်းမှပေါ့” “တောင်းတယ်ဆိုတာ လူတွေရဲ့ အလုပ်မဟုတ်ဘူးကွ။ လူဆိုတာ ပေးရတာ” “ဆရာက မတောင်းတော့ သူတို့က ဆရာ့ကို တန်ဖိုးထားကြပါ့မလား၊ ဆရာရယ် ” “တန်ဖိုးဆိုတာ သူ့ဟာနဲ့သူ ရှိပြီးသားပါ။ ပိုပြီးလျော့ပြီး သတ်မှတ်လို့မရပါဘူး။ ငွေနဲ့ပေးပြီး ယူလိုက်တာ၊ ငွေပေးလိုက်တာဟာ တန်ဖိုး မဟုတ်ဘူး။ ဈေးနှုန်းပဲကွ။ တန်ဖိုးနဲ့ ဈေးနှုန်းကို မင်းက ခွဲခြားမှ မသိ့ပဲကိုး” “ဆရာရယ် ဆရာ့မှာလည်း အဆင်ပြေတာမှ မဟုတ်တာ” “ဒီမယ် မှတ်ထားကွ။ တန်ဖိုးဆိုတာ ကြည့်တက်သူ၊ သိတက်သူတွေရဲ့အလုပ်။ ခပ်ညံ့ညံ့လူတွေ ဒီအလုပ်ကို မလုပ်တက်ပါဘူး။ သူတို့က ငါ့အပေါ်ထားတဲ့ တန်ဖိုးဟာ ငါ့တန့်ဖိုးအစစ် မဟုတ်ဘူးကွ။ ငါ့တန်ဖိုးက သူ့ဟာသူ ရှိပြီးသားပါ။ ငါ့ရဲ့ တန်ဖိုးကို သူတို့ ဘယ်လိုတွက်ချက်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး သူတို့ရဲ့ တန်ဖိုးကို သူတို့ သတ်မှတ်လိုက်ကြတာပဲ” ကျွန်တော့်ဆရာက စကားအဆန်းတွေ ပြောတက်တယ်။ ပြောရင်လည်း ထိမိတယ်။ ဟတ်ထိတယ်ပေါ့ဗျာ။
                       ဒီလိုနဲ့ ကျွန်တော်က အဆင့်သင့်ပါလာတဲ့ လက်ဖက်ရည်ကို ဖန်ခွက်ထဲထည့်ပြီး ဆရာ့ကို ပေးလိုက်တယ်။ “ဆရာ့အတွက် ကျွန်တော် လက်ဖက်ရည် ၀ယ်လာတာပါဆရာ” “အေး ကောင်းတာပေါ့” “ဆရာ့ဆီကို ကျွန်တော် မရောက်ဖြစ်တာ (၄) လကျော်ခဲ့ပြီနော်။ ဆရာနေကောင်းရဲ့လားဆိုပြီး ကျွန်တော် ၀င်လာခဲ့တာ” “နေကောင်းပါတယ်ကွာ။ ကျန်းမာပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတော့ သိပ်ပြီးမဟုတ်ချင်တော့ဘူးကွ” လက်ဖက်ရည်သောက်ပြီးချိန်မှာ ဆရာက သူ့ခြံထဲကိုဆင်းသွားတယ်။ ငရုတ်သီးစိမ်းတွေ ခူးလာတယ်။ ခရမ်းသီးနုနုလေးတွေ ခူးလာတယ်။ ငရုတ်သီးစိမ်းနဲ့ ခရမ်းသီးတွေကို မီးဖုတ်လိုက်တယ်။ မီးဖုတ်ထားတဲ့ ငရုတ်သီးစိမ်းကို ထောင်းလိုက်တယ်။ ကြက်သွန်ဖြူ နည်းနည်းထည့်လိုက်တယ်။ ရှောက်ရည်ညှစ်လိုက်တယ်။ ခုနက မီးဖုတ်ထားတဲ့ ခရမ်းသီးနုနုကိုလည်း မြေပဲဆံနဲ့ရောပြီး ဆီ၊ ဆားထည့်လို့နယ်လိုက်တယ်။ စားပွဲခုံ အစုတ်ကလေးကို ချလိုက်တယ်။ ထမင်းကို (၂) ပန်းကန်ခူးလိုက်တယ်။ “ကဲ မောင်ဘုန်းရေ၊ ငါနဲ့ အတူတူနေ့လည်စာ စားသွားကွာ” အမှန်အတိုင်းပြောရရင် ကျွန်တော် ဗိုက်ဆာနေတာပါ။ ဒါပေမယ့် ဆရာကျွေးတဲ့ ဒီနေ့လည်စာကို စားနိုင်မယ် မထင်ဘူး။ ငြင်းရမှာလဲ ခက်တယ်။ စားလို့ မကုန်ရင်လည်း အားနာစရာကောင်းတယ်။ ဒါကြောင့် စားမယ်လို့ ချက်ချင်း မဖြေမိဘူး။ “ဘာလဲ မင်းက မစားနိုင်လို့လား ။ အားမနာနဲ့နော်။ မစားနိုင်လည်း ရတယ်။ မစားချင်လည်းရတယ်။ ငါကတော့ စားပြီမောင်ရေ” ဆရာက အားရပါးရ စားနေရှာတယ်။ ကျွန်တော်က ဆရာ့အတွက် ရေနွေးကြမ်းငှဲ့ပေးလိုက်တယ်။ ငရုတ်သီးထောင်းကို ထမင်းတွေနဲ့ နယ်လိုက်။ စားလိုက်။ ရေနွေးကြမ်းကို သောက်လိုက်နဲ့။ ဆရာစားတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။ သြော် … ငါ့ဆရာနှယ်။ ဘ၀ကို ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ထားပါလိမ့်။ အိမ်အမိုးဆိုတာလည်း သက်ကယ်မိုးနဲ့။ ၀င်းထရံနဲ့ ခြံစည်းရိုးဆိုတာလည်း မရှိဘူး။ အိမ်ထဲမှာတော့ စာအုပ်တွေက အပြည့်ပဲ။ သူ့စိတ်ထဲမှာ စာတွေပဲ ရှိမယ်ထင်တယ်။ သူ့ဦးနှောက်ထဲမှာ အသိ့ပညာတွေပဲ ရှိမယ်ထင်တယ်။ ၀တ်ထားတဲ့ အ၀တ်ကလည်း တော်တော်နွမ်းနေပြီ။ အိပ်ရာ၊ အိပ်ခင်းဆိုတာလည်း ကောင်းကောင်းမရှိဘူး။ မည်းညစ်နေတဲ့ ခေါင်းအုံးနံဘေးမှာ အင်္ဂလိပ်စာအုပ်တွေ ၊ မြန်မာစာအုပ်တွေ ရှုပ်ပွနေတယ်။ အချိန်တိုင်း စာဖတ်နေတဲ့သူဆိုတော့ စာဆိုတာ သူ့အတွက် အဟာရဖြစ်နေမှာ ပေါ့လေ။
                        ဆရာက ထမင်းစားပြီးတော့ သူ့အိပ်ရာအနားကို သွားလိုက်တယ်။ ဆေးလိပ်တိုကို ရှာတယ်။ တွေ့တယ်။ မီးညှိ့တယ်။ ဆေးလိပ်ကို တစ်ဖွာ နှစ်ဖွာလောက် အားရပါးရကြီး ရှိုက်လိုက်တယ်။ ကျွန်တော်က ရင်ထဲမှာ မွန်းကျပ်နေတယ်။ ဆရာ့ကို စကားတစ်ခွန်းပြောလိုက်မိတယ်။ “ဆရာရယ် ဆရာ့ကို ကြည့်ရတာ ဆင်းရဲလိုက်တာ” ဆရာက ဆေးလိပ်တိုကို ဆက်ပြီးဖွာနေတယ်။ ကျွန်တော်ပြောတာကို ဂရုမစိုက်ဘူး။ သူ့ကို ပြောနေတယ်လို့တောင် သူက မထင်ဘူး။ ကျွန်တော်က ထပ်ပြီးပြောလိုက်မိတယ်။ “ဆရာရယ် ဒီထက် ကောင်းကောင်းလေးစား၊ ကောင်းကောင်းလေးနေပါလား။ ဆင်းရဲလိုက်တာ ဆရာရယ်”
                        အဲဒီအချိန်မှာ ကျွန်တော့်ကို ဆရာက ခပ်စိမ်းစိမ်းကြီး လှမ်းကြည့်လိုက်တယ်။ ဆေးလိပ်တိုကို ဆေးလိပ်ခွက်ထဲ လှမ်းထည့်လိုက်တယ်။ ပြီးတော့ ကျွန်တော်ဘ၀တစ်ခုလုံးကို ပဲ့တင်မြည်ဟိန်းသွားစေတဲ့ ရိုးစင်းလှတဲ့ စကားတစ်ခွန်းကို ဆရာက ပြောတယ်။
“ဒီမယ် မှတ်ထားကွ။ ကိုယ်မယုံကြည်ရာကို လုပ်နေရတဲ့ လူတွေနဲ့စာရင် ငါ့ဘ၀က အများကြီး ချမ်းသာပါတယ် မောင်ဘုန်းရ” “ဗျာ … ” ! ! ! ! !
ဦးဘုန်း (ဓာတု)
ရွှေမန္တလေးဂျာနယ်
၂၀၁၀၊ သြဂုတ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................